.
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ
UNHCR ရုံးရှေ့တွင် ယနေ့
ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက နိုင်ငံတကာ လူ့အခွင့် အရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီ၏
လူ့အခွင့်အရေးကျူးလွန်မှုများကို ပြင်းပြင်ထန်ထန် အရေးယူပေးရန် ဆန္ဒပြတောင်းဆိုမှုများ
ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ဒဂုံတက္ကသိုလ် ကျောင်းသား
၇ ဦး အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရသော ကျောင်းသား၊ ပြည်သူများနှင့်အတူ
ရပ်တည်ကြောင်း၊ စစ်ကောင်စီက အပစ်မဲ့ ကျောင်းသားပြည်သူများကို သေဒဏ်စီရင်ခြင်းအား ဆန့်ကျင်ကြောင်းနှင့်
စစ်အာဏာရှင် အလိုမရှိကြောင်း Kachin
State Civilian Movement-KSCM သပိတ်ကော်မတီ က ဦးဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း
သိရသည်။
.
ထို့အပြင်
ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအား လက်နက်အားကိုးဖြင့် ဖိနှိပ်သတ်ဖြတ်နေသည့်
စစ်ကောင်စီကို လူ့အခွင့်အရေးရပ်တည်ချက်များနှင့်အညီ ပြင်းပြင်းထန်ထန်
အရေးယူရန်နှင့် မြန်မာပြည်သူများလိုလားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု
ပေါ်ပေါက်လာစေရေး ဝိုင်းဝန်းကူညီပေးရန်အတွက်လည်း တောင်းဆိုဆန္ဒပြ ခဲ့ကြကြောင်း သိရသည်။
.
[ Photo – KSCM
]
.