![]() |
စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်/ခဲယမ်းနှင့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများ (TNLA) |
နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာနဲ့ အနီးတဝိုက်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီက သတင်း ထုတ်ပြန်သကဲ့သို့ TNLA ၏ လက်နက်များသော်လည်းကောင်း၊ NUG-PDF ၏ လက်နက်ပစ္စည်းများ သော်လည်းကောင်း သိမ်းဆည်းခံရခြင်း၊ဆုံးရှုံးပျက်စီးခြင်း မရှိကြောင်း တအာင်းတပ်မတော် (TNLA) က ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်သည်။
.
ကုန်းသာတိုက်ပွဲသည် TNLA နှင့် နားလည်မှု လွဲခဲ့ခြင်းသာ ဖြစ်ပြီး PDF များထံမှ လက်နက်များသိမ်းဆည်း ရရှိခဲ့သည်ဟု စစ်ကောင်စီက ဒီဇင်ဘာလ ၁၇ ရက်တွင် ဝါဒဖြန့် ထုတ်ပြန်ခြင်း အပေါ် TNLA က ယင်းကဲ့သို့ တုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
ငါးရက်ကြာ ဖြစ်ပွားခဲ့သည့် ကုန်းသာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ အများအပြား သေဆုံးပြီး အရှင် ဖမ်းဆီးခံရသူများလည်း ရှိခဲ့သည့်အပြင် လက်နက်/ခဲယမ်းများ သိမ်းဆည်းရမိထားသည်ဟု TNLA က ဆိုသည်။
.
ထို့အတူ တိုက်ပွဲအတွင်း TNLA အရာရှိ အချို့နဲ့ ရဲဘော်များလည်း ကျဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။