စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများ သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးများ သုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်


အာဏာသိမ်း စစ်ကောင်စီတပ်က နမ့်ဆန်မြို့နယ်၌ ယမန်နေ့ ညပိုင်းတွင် လေကြောင်းမှ အလေးချိန်ပေါင် ၅၀၀ရှိ ဗုံးများ အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

.

အဆိုပါ အလေးချိန်ပေါင် ၅၀၀ ရှိ ဗုံးများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ အနီးသို့ ၂ ကြိမ်၊ နမ့်ဆန်မြို့နယ် ရေပုံးကျေးရွာအနီးသို့ ၃ ကြိမ် စုစုပေါင်း ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ၁၅ ကြိမ်ထက် မနည်း ပြုလုပ်ခဲ့ပြီး ရဟတ်ယာဉ်များ အသုံးပြုကာ စစ်အင်အားနှင့် လက်နက်ခဲယမ်း ဖြည့်တင်းမှုများလည်းရှိသည်ဟု သိရသည်။

.



စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ဒီဇင်ဘာ ၇ ရက်မှ စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကုန်းသာ၊ ဟူမန်း၊ မန်လုံးနှင့် တာလတ်ကျေးရွာမျမှ ဒေသခံပြည်သူ ၁၅၀၀ ဦးခန့် စစ်ဘေး ရှောင်နေကြရကြောင်း သိရသည်။

.

ထို့အပြင် စစ်ကောင်စီတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘာသာရေးအဆောက်အဦ အပါအဝင် ပြည်သူပိုင်နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလည်း သိရသည်။

Journal Download

Photo of three cats