.
မန္တလေးမြို့ရှိ အုပ်ချုပ်ရေးမှူးများအား
ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထားပြီး နုတ်ထွက်စာတင်ရန် Special Task Force-Mandalay (STF-MDY)
က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင် သတိပေးထားသည်ဟု သိရသည်။
.
.
ထို့အပြင် လိုက်နာခြင်းမရှိသော
အုပ်ချုပ်ရေးမှူးများအား ဆိုးသည်၊ ကောင်းသည် မခွဲခြားဘဲ အပြီးတိုင် ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ကြောင်းလည်း
STF-MDY က သတိပေးထားသည်။
.
အုပ်ချုပ်ရေးမှူး စာရင်းများအား
အမည်၊ လိပ်စာ အတိအကျ ရရှိထားပြီးဖြစ်၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝ်ါရီလ ၁၅ ရက် နောက်ပိုင်းတွင်
အဆိုးမဆိုရန် ပြောကြားလိုကြောင်း STF-MDY
က ထုတ်ပြန်ထားသည်။
.
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊
ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းကို ဒီဇင်ဘာလ ၁၃ ရက်၊ ညပိုင်းက
STF-MDY အဖွဲ့မှ ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း
သိရသည်။
.