.
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊
ဗြိဘ (အနောက်) ကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ် စစ်ကြောင်းအား ယနေ့ ဒီဇင်ဘာလ
၁၈ ရက်၊ နံနက်ပိုင်းက Salingyi Special
Task Force-SSTF နှင့် ပူးပေါင်းတပ်များက တိုက်ခိုက် ခဲ့ကြောင်း သိရသည်။
.
.
ဗြိဘ (အနောက်) ကျေးရွာသို့
ရောက်ရှိလာသော စစ်ကောင်စီတပ် စစ်ကြောင်းကို ယနေ့ ဒီဇင်ဘာလ ၁၈ ရက်၊ နံနက် ၁၀ နာရီခန့်က
၄၀ မမ များ အီနာဂါများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ
၅ ဦးခန့် သေဆုံး နိုင်ကြောင်း SSTF က သတင်းထုတ်ပြန်ထားသည်။
.
အဆိုပါ တိုက်ခိုက်မှုကို
Salingyi Special Task Force - SSTF၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ)၊ N-YSO ပြောက်ကြားတပ်ဖွဲ့၊ ငဘ ပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်တမာပြောက်ကြားတပ်ဖွဲ့၊
Super Fighter PDF မဟာမိတ်များ
ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တိုက်ခိုက်မှုအတွင်း
ပြည်သူ့ကာကွယ်ရေးတပ်များမှ ထိခိုက်မှု မရှိခဲ့ကြောင်း SSTF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
.