.
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်
ပြည်သူအချို့ကြောင့် တိုက်ခိုက်ရန် စီစဉ်ထားသည့် မစ်ရှင် ၅ ခုကို ဖျက်သိမ်းခဲ့ရ ကြောင်း
Red Wolves Mogok အဖွဲ့က
ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
.
.
ပြည်သူများအနေဖြင့်
အသွားအလာ ဆင်ခြင်ကြရန်၊ စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ဝေးရာတွင် နေကြရန် မကြာခဏ
သတိပေးထားသော်လည်း လိုက်နာမှုမရှိသဖြင့် Red Wolves Mogok မှ ပြုလူပ်မည့် မစ်ရှင် ၅ ခုကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့ကြောင့် ပြည်သူများအနေဖြင့်
ယခုအချိန်မှ စ၍ အသွားအလာ ဆင်ခြင်ပေးကြရန်၊ မလိုအပ်ဘဲ မြို့တွင်း၊ မြို့ပြင် သွားလာခြင်းမပြုရန်၊
စစ်ကောင်စီတပ်များ၊ ရဲများ၊ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သော နေရာများကို လုံးဝ ရှောင်ကြဉ်ပေးကြရန်၊
စစ်ကောင်စီကို အကူအညီဖြစ်စေမည့် အရာမှန်သမျှကို ရှောင်ကြဉ်ကြရန်နှင့် ပြည်သူများ၏ ကားများးကို
မြို့တွင်း/မြို့ပြင်၌ မှန်ချမောင်းနှင်ပေးကြရန် Red Wolves Mogok က သတိပေးထားသည်။
.
ယင်းကဲ့သို့ သတိပေးထာထားပြီး
ဖြစ်သော်လည်း လိုက်နာခြင်းမရှိပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တာဝန်ယူ ဖြေရှင်းမည်မဟုတ်ကြောင်း
Red Wolves Mogok က ထုတ်ပြန်ထားသည်။
.