.
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တရားစီရင်ရေးဌာနက ၂၀၂၂ ခုနှစ်၊ တစ်နှစ်တာအတွင်း အမှုပေါင်း ၁၃၇ မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ကြောင်း PSLF သတင်းနှင့်ပြန်ကြားရေးက ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် သတင်း ထုတ်ပြန်ထားသည်။
.
.
၂၀၂၂ တစ်နှစ်တာအတွင်း လူထုမှ တိုင်ကြားလာသည့်အမှုပေါင်း ၁၆၁ မှုအနက် ၁၃၇ မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ပြီး ယင်း အမှုများတွင် လူသတ်မှုနှင့် အပြင်းအထန် နာကျင်စေမှု ၅ မှု၊ အဓမ္မပြုကျင့်မှုနှင့် ကာမလိမ်လည်မှု ၂၀ မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးမှု ၁၀၁ မှု၊ ခိုးဆိုးလုယက်မှု ၆ မှု၊ တရားမမှု ၃ မှု၊ ငွေကြေးလိမ်လည်မှု ၂ မှုတို့ ပါဝင်ကာ ကျူးလွန်သူ ၁၃၇ ဦးကို ပြစ်ဒဏ်ပေး အရေးယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် လက်ရှိတွင် အမှု ၁၀ မှုကို ဝရမ်းထုတ်ထားပြီး ကျန်အမှုများမှာ တရားရင်ဆိုင်နေဆဲဖြစ်ကြောင်း သိရသည်။
.
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တရားစီရင်ရေးဌာန အနေဖြင့် ဗဟိုတရားရုံးအပြင် ခရိုင် တရားရုံး ၅ ရုံး ဖွင့်လှစ်ထားကြောင်း သိရသည်။
.
ပြီးခဲ့သည့်
၂၀၂၁ ခုနှစ် တစ်နှစ်တာတွင်
အမှုပေါင်း ၉၀ အနက်မှ ၇၈
မှုကို စီရင်ဆုံးဖြတ်နိုင်ခဲ့ကြောင်းလည်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။