.
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်
ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့သည့် တအာင်းဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာသို့
ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်က PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း
သိရသည်။
.
.
PSLF/TNLA ဒုဥက္ကဌ(၁)
ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊
တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး တားအိုမ်တမောဝ်၊
ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်၊ အုပ်ချုပ်ရေး ဒုဌာနမှူး
တားကုင်ခြီရ်နှင့် စည်းရုံးလှုံ့ဆော်ရေးမှူး တားမိုးဟိန်းတို့ ကုန်းသာကျေးရွာသို့
သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတွေနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း PSLF က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်
ထားသည်။
.
တွေ့ဆုံပွဲတွင် TNLA ခေါင်းဆောင်များက ပျက်စီးခဲ့သည့်
ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပြင် လူထုနေအိမ် များနှင့် ကျေးရွာ
ပြန်လည်ထူထောင်နိုင်ရေး အတူတကွ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းဒေသခံများကို ကတိပေးခဲ့ပြီး
ဒေသခံများမှလည်း လိုအပ်ချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
.
ထို့အပြင် စစ်ဒဏ်ကြောင့်
ပျက်ဆီးခဲ့သည့် ကျေးရွာနှင့် စစ်ဘေးသင့် လူထုများ ပြန်လည်ထူထောင်ရေးလုပ်ငန်း
လုပ်ဆောင်ရန် ပြန်လည်ထူထောင်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ကော်မတီ ဥက္ကဌ
ဒုဗိုလ်မှူးကြီး တားမိုးဟိန်း၊ ဒုဥက္ကဌ ဒုဗိုလ်မှူးကြီး တားညွံတ်မျံမ်နဲ့
အတွင်းရေးမှူး ဗိုလ်ကြီး/မှူး ဂူ;ရဲင်း တို့ကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ကုန်းသာကျေးရွာတွင်
ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်တပ်ဘက်မှ Mi-17,
Mi-35 ဂျက်လေယာဉ်များ၊ လေကြောင်းပစ်ကူများဖြင့်
တိုက်ခိုက်ခဲ့သည့်အပြင် နမ့်ဆန်၊ မန်တုံမြို့ရှိ တပ်စခန်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့်
တိုက်ခိုက်ခဲ့ပြီး ပေါင် ၅၀၀ ဗုံးဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
[Photo - PSLF/TNLA
]
.