တောင်ကြီး၌ လမ်းသွားလမ်းလာများကို PNO ပြည်သူ့စစ်က ခြိမ်းခြောက် ငွေတောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး၌ လမ်းသွားလမ်းလာများကို PNO ပြည်သူ့စစ်က ခြိမ်းခြောက် ငွေတောင်း



တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၌ စစ်ကောင်စီတပ် လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေအဖွဲ့က လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို အကြောင်းမဲ့ ခြိမ်းခြောက် ငွေတောင်းခံနေကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်၊ ညပိုင်းတွင် ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၄) တွင် လက်နက်များ ကိုင်ဆောင်ထားသည့် PNO အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များက ခြိမ်းခြောက် ငွေ တောင်းခံခြင်း ဖြစ်သည်။

.

" ည ၇ နာရီခွဲလောက်က တောင်ကြီး၊ ဘုရားဖြူ နယ်မြေ(၄) မှာ ပအိုဝ်းစစ်သား (PNO ပြည်သူ့စစ်) လတ်နက်ကိုင် ၅ ယောက်၊ ၆ ယောက်ခန့်လောက်က အကြောင်းမဲ့ ခြိမ်းခြောက် ငွေ တောင်းခံတာပါ။" ဟု အမည် မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ် ၂၂ ရပ်ကွက် အနက် ဘုရားဖြူရပ်ကွက်သည် ပအိုဝ်းတိုင်းရင်းသား အများစု နေထိုင်သည့် ရပ်ကွက်ဖြစ်သည်။

Journal Download

Photo of three cats