စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတွင် ပအိုဝ်းပြည်သူများ ပါဝင်ကြရန် PNFC တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတွင် ပအိုဝ်းပြည်သူများ ပါဝင်ကြရန် PNFC တိုက်တွန်း




စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရေးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ ပအိုဝ်းအမျိုးသားလွတ်‌မြောက်ရေးတိုက်ပွဲတွင် ပအိုဝ်း ပြည်သူများ အနေဖြင့် ၎င်းတို့နှင့် လက်တွဲ၍ တိုက်ပွဲဝင်ကြရန် ပန်ကြားကြောင်း PNFC က ထုတ်ပြန်သည်။

.

(၇၃) နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုး ဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် အဖြစ် ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်သည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၏ ကြေညာချက်တွင် ယင်းကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

.

လက်နက်ကိုင်လမ်းစဉ်ဖြင့် ပဒေသရာဇ်စနစ်ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်တွင် ဆန့်ကျင်ခဲ့ဆသော်လည်း ၁၉၆၂ ခုနှစ်က စပြီး ပအိုဝ်း အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး ပိုမို ဆိုးရွားသည့် စစ်အာဏာရှင်စနစ်နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိနွေဦးတော်လှန်ရေးသည် စုပေါင်းအားဖြင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့တွင် အလားအလာကောင်းများ တွေ့ရှိနေရသည်ဟုလည်း ဆိုသည်။

.

PNFC ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်က ပြုလုပ်သည့် ၇၂ နှစ်မြောက် ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေးနေ့တွင် ပအိုဝ်းတော်လှန်ရေးအင်အားစုများ ပူးပေါင်းကျင်းပသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံက တဆင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Journal Download

Photo of three cats