အမှတ်(၁၀၀၉) တပ်ရင်း ရှမ်းတောင် အဖြစ် အင်းလေး PDF ဖွဲ့စည်းခွင့်ရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အမှတ်(၁၀၀၉) တပ်ရင်း ရှမ်းတောင် အဖြစ် အင်းလေး PDF ဖွဲ့စည်းခွင့်ရ

ရှမ်းပြည်နယ်တောင်ပိုင်း အခြေပြု အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( IPDF ) သည် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဒေသ (၃) ၏ အမှတ်(၁၀၀၉) တပ်ရင်း ရှမ်းတောင် အဖြစ် ဖွဲ့စည်းခွင့် ရရှိပြီ ဖြစ်ကြောင်း သိရသည်။

.

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ရည်ရွယ်ချက် တူသော မည်သည့်အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၁၀၀၉ တပ်ရင်း က ထုတ်ပြန် အသိပေးထားသည်။

.



အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) ကို စစ်အာဏာရှင်အား တွန်းလှန်ရန်အတွက် ပြီးခဲ့သည့် ဇန်နဝါရီလတွင် စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အင်းလေး PDF ၏ Facebook လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Inle People Defense Force အား တပ်ရင်း (၁၀၀၉) ၏ ထောက်ပို့ စာမျက်နှာ အဖြစ် ဆက်လက် သုံးစွဲသွားမည် ဖြစ်ပြီး စစ်ရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များ ၊ တရားဝင် အသိပေးကြေညာချက်များကိုမူ No. 1009 Infantry တွင် ထုတ်ပြန်သွားမည်ဟု ၁၀၀၉ တပ်ရင်း က ဆိုသည်။

Journal Download

Photo of three cats