ရေစကြိုမြို့နယ်၌ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရေစကြိုမြို့နယ်၌ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းကို PDF အဖွဲ့များ ပူးပေါင်းတိုက်ခိုက်


မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ရေစကြို၊ မြိုင်နှင့် ပခုက္ကူမြို့နယ်မှ PDF အဖွဲ့များ ပူးပေါင်းကာတိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း Southern YSO PDF က ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် ထုတ်ပြန်သည်။

.

စစ်ကောင်စီ စစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့ကညဒီဇင်ဘာလ ၁၉ ရက်တွင် တစ်ကြိမ်၊ ၂၀ ရက်တွင် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ ၂ ရက်တာ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

.

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အတူ သဲတောကျေးရွာသို့ ဒီဇင်ဘာလ ၁၉ ရက်တွင် PDF များက နယ်မြေရှင်းလင်းရန် သွားရောက်စဉ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီ တပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာ ရရှိခဲ့‌ကြောင်းနှင့် PDF ဘက်မှ တစ်ဦး ကျဆုံး၍ M16 ၁ လက် အပါအဝင် ခဲယမ်းများ ဆုံးရှုံးခဲ့သည်ဟုလည်း သိရသည်။

Journal Download

Photo of three cats