ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
ဖရူဆို PDF သည် NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံအမှတ် (၁၁၀၄) တပ်ရင်းလည်း ဖြစ်သည်။
.
တစ်နှစ်ပြည့် အခမ်းအနားသို့ ကြွရောက်လာခဲ့ကြသော ညီနောင်မဟာမိတ်များ ဧည့်သည်တော်များကို အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် တပ်ရင်း စတင်တည်ထောင်ချိန်မှ စ၍ အခက်အခဲများ စိန်ခေါ်မှုများကြားမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြသော ညီနောင်မဟာမိတ်များ၊ အလှူရှင်များကို အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ဖရူဆို PDF က ဆိုသည်။
.
ထို့အတူ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့၏ ရည်မှန်းချက်ဖြစ်သော စစ်အာဏာရှင် အမြင့်ပြတ်ချေမှုန်းရေး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး အမျိုးသား တန်းတူရရှိရေး ပြည်သူ့အာဏာ အပြည့်အဝ ပြန်လည်ရရှိရေး တို့အတွက် ညီနောင်မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ဖရူဆို PDF က ကတိပြု ထုတ်ပြန်သည်။