အမှတ်(၁၀၀၁)တပ်ရင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၊ လင်းယုန်တပ်ခွဲရဲ့ အထူးကွန်မန်ဒို သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
"ရှေ့မှာလည်း တိုက်မယ် ၊ အနောက်မှာလည်း လေ့ကျင့်မယ်၊ ပြည်သူ့အားနဲ့ ရှေ့ဆက်မယ်"ဟု MBPDF - လင်းယုန်တပ်ခွဲထောက်ပို့၏ သင်တန်းဆင်းပွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အမှတ်(၁၀၀၁)တပ်ရင်း သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသည့် တပ်ရင်း ဖြစ်ကြောင်း သိရသည်။