.
ဒဂုံတက္ကသိုလ်ကျောင်းသားလူငယ်
၇ ဦးအပါအဝင် ပြည်သူများအား မတရားသေဒဏ်ချမှတ်ခဲ့မှုအပေါ် အမျိုးသား ညီညွတ်ရေးအစိုးရ၊
ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူအခွင့်အရေး
ဆိုင်ရာဝန်ကြီးဌာနတို့က ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု
သိရသည်။
.
.စစ်အုပ်စုသည် ပြည်သူများ၏
ဒီမိုကရေစီအခွင့်အရေးများကို ချိုးဖောက်ခြင်း၊ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်နေသည့်
ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်ပြီး ပြည်သူများ၏ နိုင်ငံရေး
အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ တရားဥပဒေဘောင်မဝင်သေားတရားရုံးများမှတဆင့်
စီရင်ချက်ချမှတ်ပြီး ပြည်သူများ၏ တရားဥပဒေဆိုင်ရာ အခွင့် အရေးများကို
ချိုးဖောက်ခြင်း၊ အဆိုးရွားဆုံးအနေဖြင့် သေဒဏ်များ ချမှတ်ခြင်းနှင့်
သတ်ဖြတ်ခြင်းများ ပြုလုပ်ပြီး ပြည်သူများ၏ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်မှုများကို
ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများအား
လွှတ်ပေးရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးက
တောင်းဆိုနေချိန်တွင် ယခုကဲ့သို ကျောင်းသားလူငယ်များအား သေဒဏ်စီရင်ချက်
ချမှတ်ခြင်းသည် စစ်အုပ်စုက ကမ္ဘာတစ်ဝှမ်းလုံးကို စိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
.
၂၀၂၂ ခုနှစ် ဇူလိုင်လ
၂၅ ရက်က စစ်ကောင်စီ၏ ကြိုးပေးသတ်ဖြတ်ခံခဲ့ရသည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊
ကိုလှမျိုးအောင်၊ ကိုအောင်သူရ တို့အပါအဝင် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်
ထိခိုက်နစ်နာရ သည့် ပြည်သူလူထုအတွက် တရားမျှတမှုရနိုင်ရေးကို ရရှိနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဟုလည်း
ဆိုထားသည်။
.
တစ်နိုင်ငံလုံးအနှံ့
နှိပ်စက်သတ်ဖြတ်ခံနေရသည့် အလုပ်သမား၊ လယ်သမား၊ ပြည်သူလူထုနှင့် အတူ ရပ်တည်ပြီး
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများကို ကောက်ယူ သိမ်းဆည်းလျက် တရားမျှတမှု
ရရှိနိုင်ရေးကို အစွမ်းကုန် ကြိုးစား လုပ်ဆောင်ပြီး အရေးတော်ပုံ အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း
ဝန်ကြီးဌာန ၃ ခုက စုပေါင်းထုတ်ပြန်ထားသည်။
.