NDAA ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်တွင် အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NDAA ဥပဒေကြမ်းကို အမေရိကန်လွှတ်တော်တွင် အတည်ပြုခဲ့သည့်အပေါ် ကျေးဇူးတင်ကြောင်း NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့

.

Burma Act ပါဝင်သည့် အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ (NDAA)ကို အမေရိကန်လွှတ်တော် ၂ ရပ်တွင် အတည်ပြုလိုက်သည့်အပေါ် ကျေးဇူးတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ဒီဇင်ဘာလ ၁၆ ရက်တွင် သဝဏ်လွှာပေးပို့ခဲ့သည်ဟု သိရသည်။

.

.

အဆိုပါ Burma Act သည် မြန်မာနိုင်ငံတွင် ရုန်းကန်နေရသည့် ပြည်သူများစွာအတွက် လိုအပ်နေသည့် မျှော်လင့်ချက် နှင့် အထောက်အပံ့များ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက သဝဏ်လွှာတွင် ဖော်ပြထားသည်။

.

NDAA ဥပဒေကြမ်းကို အမေရိကန် အောက်လွှတ်တော်က အတည်ပြုအပြီး ၈ ရက်အကြာတွင် အထက်လွှတ်တော်က ထပ်မံအတည်ပြုခဲ့သဖြင့် သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးရန်သာ ကျန်ရှိကြောင်း သိရသည်။

.

အမေရိကန်သမ္မတ ဘိုင်ဒန်အနေဖြင့်လည်း ယင်းဥပဒေကြမ်းကို ဥပဒေတစ်ရပ်အဖြစ် မကြာမီ အတည်ပြုလက်မှတ် ရေးထိုးမည်ဟု မျှော်လင့်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ဆိုသည်။

.

စာမျက်နှာ ၄၄၀၈ မျက်နှာ ပါဝင်သည့် ယင်း NDAA ဥပဒေကြမ်းတွင် မြန်မာ့အရေးပြဌာန်းချက် ၂၅ မျက်နှာ ပါဝင်ပြီး မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးပါပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် စစ်ကောင်စီကို ဆန့်ကျင်နေသည့် NUGNUCCCRPHCDM နှင့် မိတ်ဖက်အဖွဲ့အစည်းများ အားလုံး၏ ရုန်းကန်မှုအတွက် အမေရိကန်၏ ကူညီထောက်ပံ့ရေး မူဝါဒကို ထည့်သွင်းထားသည်ဟု သိရသည်။

.

ထို့အပြင် မြန်မာနိုင်ငံတွင်းရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၊ ဒီမိုကရေစီရေး လှုပ်ရှားသည့်အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့ကြားတွင်သော်လည်းကောင်း၊ နိုင်ငံတကာ အကူအညီပေးရေးလုပ်ငန်းများတွင်သော်လည်းကောင်း ဆက်သွယ်ရေး၊ အမိန့်ပေးထိန်းချုပ်ကွပ်ကဲမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းခိုင်မာလာစေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန် စသည့်အချက်များကို ထည့်သွင်းပြဌာန်းထားသည်။

.

အဆိုပါ အကူအညီများကို ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats