ဂန့်ဂေါမှ ရဲတပ်သားတစ်ဦး MRGF မြိုင်ထံသို့ လက်နက်နှင့်အတူ CDM ဝင်ရောက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဂန့်ဂေါမှ ရဲတပ်သားတစ်ဦး MRGF မြိုင်ထံသို့ လက်နက်နှင့်အတူ CDM ဝင်ရောက်

.

မကွေးတိုင်း၊ ဂန့်ဂေါမြို့ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်) MRGF ထံသို့ လက်နက်နှင့်အတူ CDM ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

.

 


.

ဂန့်ဂေါမြို့မရဲစခန်းမှ ရဲတပ်သား ကိုစွမ်းလင်းထက်သည် စစ်ကောင်စီများ၏ လက်အောက်တွင် တာဝန် ထမ်းဆောင်လိုခြင်း မရှိသဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်က G3 သေနတ် ၁ လက်၊ ကျည်ဘောက်အပို ၁ ခု၊ ကျည် ၅၂ တောင့်နှင့်အတူ CDM ဝင်ရောက်လာခြင်းဖြစ်ကြောင်း MRGF က ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

.

အဆိုပါ CDM ဝင်ရောက်လာသည့် ရဲတပ်သား ကိုစွမ်းလင်းထက်အား ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ ငွေကျပ် သိန်း ၁၀၀ ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး စိတ်ချရသောနေရာသို့ ပို့ဆောင်ပေးပြီးဖြစ်ကြောင်း MRGF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

[ Photo - ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ (မြိုင်) ]

.

Journal Download

Photo of three cats