စစ်ကောင်စီတပ် တပ်စွဲထားသည့် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဖွားစောကျေးရွာမှ ဒဏ်ရာရရှိထားသည့် PDF ရဲဘော်ကို သွားရောက် ကယ်ထုတ်နိုင်ခဲ့သည်ဟု မြောင်မြို့ နယ်တော်လှန်ရေးတပ် (MRA) က ထုတ်ပြန်သည်။
.
ခြေထောက် နှစ်ဖက်၌ ကျည်ထိ၍ သွေးထွက်လွန်ပြီး ပုန်းနေသော အသက် ၂၃ နှစ်အရွယ် ရဲဘော်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက် ညနေပိုင်းက ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ဒဏ်ရာရ ရဲဘော်မှာ လက်ရှိတွင် ဆေးကုသမှု ခံယူလျက် ရှိပြီး အသက်အန္တရာယ် စိုးရိမ်စရာ မရှိတော့ကြောင်း MRA က အသိပေးထားသည်။