.
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ
အထက (၁) ကျောင်းဝင်းအတွင်း စခန်းချ တပ်စွဲနေထေိုင်နေသော စစ်ကောင်စီတပ်များကို ယမန်နေ့
ဒီဇင်ဘာလ ၁ ရက်၊ နေ့လယ်ပိုင်းက Myo Nyo
Revolution Force-MNRF အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း
သိရသည်။
.
.
တိုက်ခိုက်မှုအတွင်း
စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်ခြင်းများ ရှိသော်လည်း အမျိုးသမီး ကွန်မန်ဒိုတပ်ဖွဲ့ဝင်များ
ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေကို စုံစမ်းလျက်ရှိကြောင်း
Moe Nyo Revolution Force-MNRF က ထုတ်ပြန်ထားသည်။
.
MNRF အနေဖြင့်
မြင်းမူမြို့နယ်အတွင်းရှိ Non-CDM များ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊
စစ်ကောင်စီဒေါက်တိုင် မှန်သမျှကို အဓိကပစ်မှတ်ထား တိုက်ခိုက်သွားမည်ဖြစ်ပြီး Non-CDM
များအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံပြီး ပူးပေါင်းရန် သတိပေးလိုကြောင်း
MNRF က သတိပေးထားသည်။
.