ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တွင် စစ်ကောင်စီတပ်၏ လက်နက်/ခဲယမ်းများကို MNDAA သိမ်းဆည်း ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တွင် စစ်ကောင်စီတပ်၏ လက်နက်/ခဲယမ်းများကို MNDAA သိမ်းဆည်း ရရှိ



ကိုးကန့်ဒေသ၊ ချင်းရွှေဟော်၊ နမ့်ဖာတောင်၌ တပ်စွဲထားသည့် ကိုးကန့် တပ်မတော် (MNDAA)သည် နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်စဉ် စစ်ကောင်စီတပ်၏ လက်နက်/ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ထုတ်ပြန်သည်။

.

သိမ်းဆည်းရမိသော လက်နက်/ခဲယမ်းများမှာ ရိုင်ဖယ် ၁ လက်၊ (၆၀)မီလီမီတာ မော်တာကျည် ၇ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၁ လုံး၊ ကျည်ဘောက် ၉ ခု၊ (၆၉)ဒုံးပျံ ၃ လုံး၊ ဒုံးပျံပြွန် ၄ လုံး၊ ၅.၅၆ ကျည် ၆၂၃ တောင့်၊ ဂြိုလ်တုတည်နေရာနှင့် လမ်းညွှန်စက် ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ ကျည်ကာအင်္ကျီ ၃ ထည်နှင့် စစ်ဝတ်စုံ တို့ ဖြစ်ကြောင်း သိရသည်။

.

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်တွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ တာမုံးပေါ်ဒေသ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက်တပ်များ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းလည်း သိရသည်။

Journal Download

Photo of three cats