မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့

.

မုံးကိုးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့် တပ်တို့ ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

စစ်ကောင်စီတပ်၏ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်း (၄၂၀) မှ  တပ်သား ၈၀ ခန့်ပါ စစ်ကြောင်းသည် ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက်၊ နေ့လယ်ပိုင်းက MNDAA တပ်မဟာ (၅၁၁) တည်ရှိရာ မုံးကိုးခရိုင်၊ တာမုံးပေါ်ဒေသသို့ ချီတက်လာသည့်အတွက် ၂ နာရီခွဲခန့်အကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

တိုက်ပွဲအတွင်း မုံးကိုးဒေသ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပဋိပက္ခဖြစ်ပွားရာနေရာသို့ ကျည် ၁၀၀ ကျော်ဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံရွာသားတစ်ဦး၏ နေအိမ်အတွင်းသို့ ကျည်များကျရောက်ခဲ့ကြောင်း သိရသည်။

.

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ အသေအပျောက်ကို မသိရသေးဘဲ MNDAA တပ်မှ ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦးတွင် အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

[ Photo – The Kokang ]

.

Journal Download

Photo of three cats