ကိုးကန့်ဒေသ၊ ချင်းရွှေဟော်၊ နမ့်ဖာတောင်၌ နိုဝင်ဘာလ ၃၀ ရက်တွင် စစ်ကောင်စီတပ်နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီနှင့် ကိုးကန့်ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းသည် နမ့်ဖာတောင်၏ တောင်နှင့် မြောက် နှစ်ဘက်မှ MNDAA ၏ ခံတပ်ကို ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ရာမှ နံနက် ၉ နာရီကျော်ခန့်မှ ညနေ ၃ နာရီခန့်ထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူး တစ်ဦး သေဆုံးကာ ၁၀ ဦးထက် မနည်း ဒဏ်ရာ ရရှိ၍ ၂၀ ဦးခန့် ပျောက်နေပြီး သေဆုံးသူ ရုပါ အလောင်းများကိုလည်း စွန့်ပစ်ထားခဲ့သည်ဟု ဆိုသည်။
.
စစ်ကောင်စီတပ်နှင့် ကိုးကန့်ပြည်သူ့စစ် ပူးပေါင်း စစ်ကြောင်းသည် နိုဝင်ဘာလ ၂၉ ရက်က စတင်၍ အင်အား ၆၀ ကျော်ဖြင့် MNDAA ၏ ခံတပ်ကို တစ်နေကုန် ပြင်းထန်စွာ တိုက်ခိုက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။