ကော့ကရိတ်ခရိုင်၊ ကျုံဒိုး၊ ငါးတိုင်နှင့် လှိုင်ဝအကြားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကော့ကရိတ်ခရိုင်၊ ကျုံဒိုး၊ ငါးတိုင်နှင့် လှိုင်ဝအကြားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ တိုက်ခိုက်

.

ကော့ကရိတ်ခရိုင်၊ ကျုံဒိး၊ ငါးတိုင်နှင့် လှိုင်ဝအကြားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းက KTL Army မှ စစ်ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion Commando - ဗျူဟာစစ်ကြောင်းနှင့် ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦး အပါအဝင် ၆ ဦးထက်မနည်း ကျဆုံးနိုင်ကြောင်း Lion Battalion Commando က သတင်းထုတ်ပြန်ထားသည်။

.

.

ထိုတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှ ဗိုလ်မှူး ၁ ဦး၊ တပ်ရေးဗိုလ်ကြီး ၁ ဦး၊ တပ်သား ၃  ဦး နှင့် ရဲမေ ၁ ဦး ကျဆုံးခဲ့ပြီး ထို့ထက်ပို၍အထိအခိုက်အကျအဆုံးများနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက် ၃ လက်ကို သိမ်းဆည်းရမိခဲ့ပြီး Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် အခြားပူးပေါင်းစစ်ကြောင်းများဘက်မှ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့ကြောင်း သိရသည်။

.

တိုက်ပွဲသတင်းအချက်အလက်များအားအချိန်နှင့်တပြေးညီထုတ်ပြန်နိုင်ရန်ကြိုးစားလျက်ရှိပြီး ပြည်သူများအနေဖြင့် တိုက်ပွဲမပြီးဆုံးခင်သတင်းပေါက်ကြားမှုများမဖြစ်ပေါ်စေရန်အတွက် ပူးပေါင်းကူညီပေးပါရန်နှင့် ယခုအချိန်အခါသည် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်ကြိုးစားတိုက်ပွဲဝင်နေသော နိုင်ငံရေးအင်အားစုများ၊ လက်နက်ကိုင်အင်အားစုများအနေနှင့် စည်းလုံးညီညွတ်မှုကိုအခြေခံ၍ ပူးပေါင်းတိုက်ပွဲဝင်ရန် အကောင်းဆုံးအချိန်အခါ ဖြစ်ကြောင်း Lion Battalion Commando - ဗျူဟာစစ်ကြောင်းက တိုက်တွန်းထားသည်။

.

 

Journal Download

Photo of three cats