စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနယ်မြေအား KRU မှ ပြန်လည်ထိန်းချုပ်နိုင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနယ်မြေအား KRU မှ ပြန်လည်ထိန်းချုပ်နိုင်

.

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အတွင်းရှိ စစ်ကောင်စီတပ်များ ထိန်းချုပ်ထားသည့် ကုန်းသာကျေးရွာ ဒေသကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း KRU က ယနေ့ ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

.

.

ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများ၏ လှုပ်ရှားစစ်မျက်နှာဖြစ်သော ကုန်းသာကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်များ၏ ရိက္ခာ၊ စွပ်ဗုံး၊ ကျည်ဆန်နှင့် အခြား အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရရှိ ခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေး ပြန်လည်ပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အနေဖြင့် စစ်ကောင်စီတပ်များအား ရေကုန်ရေခမ်း တိုက်ခိုက်သွားမည် ဖြစ်ပြီး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် လက်နက်၊ ကျည်ဆန်များ ပိုမိုလှူဒါန်းပေးကြရန် KRU က မေတ္တာရပ်ခံ ထားသည်။

.

အလားတူ သေးဆူလဲကျေးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် KNDF KA KGZ PDF တို့ပူးပေါင်း တပ်ဖွဲ့ များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နယ်မြေအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats