ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ၌ ဒီဇင်ဘာလ ၆ ရက်တွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)၊ Karenni Generation Z (KGZ) ပူးပေါင်းတပ်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နှစ်ဘက် ထိခိုက် သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
.
စစ်ကြောင်း ၃ ကြောင်းဖြင့် ကုန်းသာကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KRU KGZ ပူးပေါင်းတပ်တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံး၍ အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု KRU က ယနေ့ ဒီဇင်ဘာလ ၉ ရက်တွင် အတည်ပြု ထုတ်ပြန်သည်။
.
ထို့အတူ KRU KGZ ပူးပေါင်းတပ်ဘက်မှ ၄ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေကြောင်း KRU က ဆိုသည်။