KNU နယ်မြေတွင် စစ်ကောင်စီတပ် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁၉ လုံး ပျက်စီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU နယ်မြေတွင် စစ်ကောင်စီတပ် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁၉ လုံး ပျက်စီး



ကရင်ပြည်နယ်ရှိ KNU တပ်မဟာ (၅) နယ်မြေ၌ အာဏာသိမ်း စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် လေကြောင်းဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒေသခံ ပြည်သူများ၏ နေအိမ် ၁၉ လုံး ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း KNU တပ်မဟာ(၅)၏ ထုတ်ပြန်ချက်အရ သိရသည်။

.

ဒွယ်ဒိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ ဝါသိုးလော်ကျေးရွာအတွင်းသို့ ဒီဇင်ဘာလ ၁၈ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျ ရောက်ခဲ့ပြီး လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့သည့် အပြင် လူနေအိမ် ၁၀ လုံး၊ စပါးကျည် တစ်လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

.

ထို့အတူ ဒီဇင်ဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် ကျုံဒိုးမြို့နယ်၊ ဖားကျကျေးရွာ အတွင်းသို့ ၁၀၅ မမ လက်နက်ကြီးဖြင့် စစ်ကောင်စီတပ်က ပစ်ခတ်တိုက် ခိုက်ခဲ့ရာ လူနေအိမ် ၄ လုံးပျက်စီးခဲ့ပြီး မဲဝိုင်ကျေးရွာအုပ်စု၊ ခလိုမီးကျေးရွာအတွင်းသို့ ဒီဇင်ဘာလ ၁၈ ရက်၊ ညနေပိုင်းတွင်ပင် တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကြဲခဲ့ရာ လူနေအိမ် ၄ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး လူနေအိမ် ၄ လုံးနှင့် စပါးကြိတ်စက် တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

.


စစ်ကောင်စီတပ်သည် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မဲဝိုင်ကျေးရွာအုပ်စု၊ ခေါဝါးရွာရှိ လယ်ယာ လုပ်ငန်းခွင်အတွင်းသို့ ဒီဇင်ဘာလ ၁၉ ရက်တွင် တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံး ကြဲချခဲ့ကြောင်းလည်း သိရသည်။

.

ယင်းကဲ့သို့ စစ်ကောင်စီတပ်၏ ၂ ရက် ဆက် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူများမှာ ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရပြီး အလက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

Journal Download

Photo of three cats