KNU မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေတွင် နိုဝင်ဘာတစ်လအတွင်း တိုက်ပွဲ အကြိမ် ၁၀၀ ကျော် ဖြစ်ပွားခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU မူတြော်ခရိုင်၊ တပ်မဟာ (၅) နယ်မြေတွင် နိုဝင်ဘာတစ်လအတွင်း တိုက်ပွဲ အကြိမ် ၁၀၀ ကျော် ဖြစ်ပွားခဲ့

.

KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အများ အပြား ထိခိုက်ဒဏ်ရာရသေဆုံးခဲ့သည်ဟု သိရသည်။

.

.

မူတြော်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်နှင့် BGF နယ်ခြားစောင့်တပ်များမှ ကျူးကျော်ဝင်ရောက်ကာ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်မဟာ (၅) လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများမှ စစ်သည်များနှင့် စစ်ကောင်စီတပ်တို့ အကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

.

နိုဝင်ဘာလတွင် မူတြော်ခရိုင်၊ တပ်မဟာ (၅) နှင့် စစ်ကောင်စီတပ်၊ BGF တပ်များအကြား ထိတွေ့တိုက်ပွဲ ၁၁၆ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီနှင့် BGF များဘက်မှ တပ်ကြပ်တစ်ဦး အပါအဝင် ၆၉ ဦး သေဆုံးပြီး ဗိုလ်တစ်ဦး အပါအဝင် ၅၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်၏ မော်တော်ယာဉ်တစ်စီးအား ဖျက်ဆီးနိုင်ခဲ့ကြောင်း မူတြော် သတင်းစဉ်က ဖော်ပြထားသည်။

.

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၅) မှ စစ်သည် ၉ ဦး ကျဆုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် မူတြော်ခရိုင်အတွင်းရှိ မြို့နယ်များမှ အပြစ်မဲ့ပြည်သူများ၏ ဥယျဉ်ခြံမြေနှင့် အသက် မွေးဝမ်းကြောင်းပြုရာ နေရာများသို့ လက်လက်နက်ကြီး ၅၅ လုံး ပစ်ချခဲ့ပြီး မူတြော်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်ရာ နယ်မြေ ၄ နေရာသို့ လေကြောင်းမှ ဗုံးသီး ၂၂ လုံး လာရောက်ကြဲချခဲ့ရာ လူနေအိမ်ခြေ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

.

Journal Download

Photo of three cats