KNU မူတြော်ခရိုင်၌ KNLA နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ လဝက်အတွင်း တိုက်ပွဲ ၇၈ ကြိမ် ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNU မူတြော်ခရိုင်၌ KNLA နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာလ လဝက်အတွင်း တိုက်ပွဲ ၇၈ ကြိမ် ဖြစ်ပွား

KNU လက်အောက်ခံ မူတြော်ခရိုင်၊ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ၌ ဒီဇင်ဘာလ ၁ ရက်မှ ၁၅ ရက်ထိ လဝက်ကာလအတွင်း စစ်ကောင်စီတပ်၊ လက်အောက်ခံ BGF တို့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့ကြား တိုက်ပွဲပေါင်း ၇၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၁ ဦး သေဆုံးကာ ဒုတပ်ရင်းမှူး အပါအဝင် ၁၅ ဦး ဒဏ်ရာရရှိခဲ့ပြီး KNLA ဘက်မှ ၃ ဦး ကျဆုံး၍ ၁၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု KNU မူတြော်သတင်းစဉ်က ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်သည်။ 

.

စစ်ကောင်စီတပ်က ဒီဇင်ဘာလ လဝက်ကာလအတွင်း တပ်မဟာ(၅) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများအတွင်းသို့ လည်းကောင်း၊ ဒေသခံပြည်သူများ၏ လယ်ယာ လုပ်ငန်းခွင်များအတွင်းသို့ ‌လည်းကောင်း လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ပြီး ဗုံး ၆၄ လုံးနှင့် လက်နက်ကြီး ၇၅ လုံး ပစ်ခတ်ခဲ့ရာ အရပ်သား ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

.

ယင်းကဲ့သို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ စဉ်ဆက်မပြတ် ပစ်ခတ်နေသည့်အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လ

Journal Download

Photo of three cats