.
ကရင်အမျိုးသားအစည်းအရုံး
(KNU) နယ်မြေအတွင်း ပြီးခဲ့သည့်
ဒီဇင်ဘာလ ၂၁ ရက်က စစ်ကောင်စီတပ် စစ်ကြောင်း များနှင့် တပ်စခန်းများကို အကြိမ်ကြိမ်
ခြုံခိုဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး ၃ ဦး သေဆုံး ခဲ့ကြောင်း
မူတြော်သတင်းစဉ်တွင် ဖော်ပြထားသည်။
.
.
KNU နယ်မြေ၊
ဒွယ်လိုးမြို့နယ်အတွင်းရှိ ထီးလော်နှင့် မြေနီကုန်းအကြားတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ
၂၁ ရက်၊ နံနက် ၁၀ နာရီခန့်က လူနာပြန်လည်ပို့ဆောင်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၅) လက်အောက်ခံ
တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုအတွင်း
KNLA ဘက်မှ ထိခိုက်ကျဆုံးမှု
မရှိဘဲ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အခြေ အနေကို မသိရှိရသေးချေ။
.
ထို့နောက် ယင်းနေ့
နံနက် ၉ နာရီခွဲခန့်တွင် KNLA တပ်မဟာ (၅) လက်အောက်ခံ တပ်မျာားက လူသောမြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်၏
ထေါ်မူပလယ်မဲစခန်းအား ၁ ကြိမ်ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ ဦး
သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ ၁ နာရီခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) မှ စစ်သည်တော်များက မြေနီကုန်းနှင့် ကူးဆိပ်အကြားရှိ
စစ်ကောင်စီတပ်အား ၁ ကြိမ် ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ညနေ ၃ နာရီခန့်တွင်လည်း
ဘူးသိုမြို့နယ်အတွင်းရှိ ကေါကေါ့ထ့ါတွင် ၁ ကြိမ် ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့ရာ ယင်း
တိုက်ပွဲ ၂ ကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်မှုအား မသိရှိရသေးကြောင်း မူတြော်သတင်းစဉ်က
ဖော်ပြထား သည်။
.