.
ကရင်အမျိုးသားအစည်းအရုံး၊
မူတြော်ခရိုင်၊ တပ်မဟာ (၅) ဒေသအတွင်း စစ်ကောင်စီတပ်များကို KNLA တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့များမှ
ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးပြီး ဒုတပ်ရင်းမှူး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း
မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။
.
.
မူတြော်ခရိုင်၊ လယ်မူပလေါဒေသအတွင်းရှိ
လယ်မူပလေါအခြေစိုက် စစ်ကောင်စီတပ်စခန်းအား တပ်အင်အား ထပ်မံဝင်ရောက်ဖြည့်ဆည်းမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား
ဒီဇင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ လက်အောက်ခံ ကရင်အမျိုးသား
လွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) တပ်မဟာ တပ်ဖွဲ့ဝင်များက ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီဘက်မှ
၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အပြင် ဒီဇင်ဘာလ
၁၃ ရက်တွင် KNLA အမှတ် (၅)
တပ်မဟာလက်အောက်ခံ တပ်ဖွဲ့ဝင်များက စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား
စော်မူပလေါဒေသဘူဆဲကျော်လိုးတွင် ၁ ကြိမ်၊ တာခဲဒဲဒေသ၊ ဟော်ခီခီးတွင် ၁ ကြိမ်၊ ဘုဆဲကျော်လိုးတွင်
၁ ကြိမ်၊ ကေါကော့ထါ့၌ ၁ ကြိမ်၊ စော်မူပလေါဒေသ၊ တခိုကျိုးတွင် ၁ ကြိမ် စုစုပေါင်း ၅
ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ဒုတပ်ရင်းမှူး တစ်ဦး
ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ကူးတို့ဆိပ်ကျေးရွာ
အခြေချ တပ်ရင်းမှူး မျိုးဟိန်းထွန်း ဦးဆောင်သော စစ်ကောင်စီ၏ စကခ (၈)၊ ခမရ (၄၀၇) တပ်များသည်
ဒီဇင်ဘာလ ၁၃ ရက်၊ ညပိုင်းတွင် (8I-MM) လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ထီးဘယ်ခါထါ ရွာသားများ၏ လယ်ယာနှင့် တောင်ယာလုပ်ငန်းခွင်များအတွင်း
ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
.
ဖာပွန်အခြေစိုက်
(၄၃၄) တပ်ရင်းစခန်းရှေ့တွင် လမ်းလုံခြုံရေးတာဝန်နေသည့် စစ်ကောင်စီတပ်များအား ဒီဇင်ဘာလ
၁၂ ရက်၊ ညပိုင်းတွင် KNLA တပ်ဖွဲ့ဝင်များမှ
၁ ကြိမ်ဝင် ရောက် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှု ရှိမရှိ မသိရကြောင်း မူတြော်သတင်းစဉ်တွင်
ဖော်ပြထားသည်။
.
မူတြော်ခရိုင်၊
အမှတ် (၅)တပ်မဟာဒေသအတွင်း စစ်ကောင်စီတပ်များမှ စစ်ရေးလှုပ် ရှားမှုများ
ပိုမိုတိုးချဲ့လုပ်ဆောင် လာပြီး လူ့အခွင့်အရေးလှုပ်ရှားမှုများ တောက်လျှောက်ပြု
လုပ်နေသည့်အတွက် စစ်ကောင်စီတပ်နှင့် KNLA တပ်ဖွဲ့ဝင်များ အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.