.
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊
ကော့နွဲကျေးရွာအနီးတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်အစောပိုင်းက စစ်ကောင်စီတပ်နှင့်
KNLA၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်
အပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
.
.
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ
လက်နက်ကြီးဖြင့် ရွာအတွင်းသို့ ပစ်ခတ်သဖြင့် ရွာအတွင်းရှိ နွား ၁၀ ကောင် သေဆုံးခဲ့ပြီး
လေယာဉ် ၂ စီးဖြင့် ထပ်မံလာရောက်ဗုံးကြဲချခဲ့သော်လည်း KNLA၊ PDF ပူးပေါင်းတပ်များ
ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
.
ထို့နောက် နံနက် ၉
နာရီခန့်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်ပြီး ကော့နွဲ့ကျေးရွာအတွင်း
သို့ တိုးဝင်လာသည့်အတွက် KNLA၊ PDF၊ ဒေါနစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ Federal
Wings စသည့် ပူးပေါင်း အဖွဲ့များ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
အဆိုပါ တိုက်ပွဲများအတွင်း
စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး အပါအဝင် အများအပြား သေဆုံးခဲ့ပြီး အရေအတွက်
မတိရသေးကြောင်းနှင့် ဒေါနစစ်ကြောင်းမှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်း
စစ်ဒေသ သတင်းနှင့်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.