KNLA ဌာနချုပ်၌ Medic နှင့် အခြေခံဆေး သင်တန်း ဆင်းပွဲ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

KNLA ဌာနချုပ်၌ Medic နှင့် အခြေခံဆေး သင်တန်း ဆင်းပွဲ ပြုလုပ်




ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) (ဗဟို)စစ်ဌာနချုပ်၌ ဒီဇင်ဘာလ ၁၆ ရက်က Medic သင်တန်း နှင့် (၃၅)ကြိမ်မြောက် အခြေခံဆေး သင်တန်းဆင်းပွဲ အခမ်းနားကို ပူးတွဲ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

.

အခမ်းနားတွင် ဗိုလ်ချုပ် မန်းရှာထူးဝေါ် နှင့် တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောတာမလာ တို့က ကျောင်းသားများအ အားပေးစကား ပြောဆိုပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဆရာ/ဆရာမ များက သင်တန်းအောင်လက်မှတ်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။

.





အဆိုပါ အခမ်းအနားသို့ ဗဟိုစစ်ဌာနချုပ် ဆေးဌာနခွဲ တာဝန်ခံ ဗိုလ်မှူးကြီး နော်စေးဒေးကဲ နှင့် ဆေးဒုတာဝန်ခံ(သဝခ) ဗိုလ်မှူး စောဝင်းကျော်တို့ တက်ရောက်၍ သဘာပတိ အဖြစ် တာဝန်ယူကာ အခမ်းအနားမှူးအဖြစ် ဆေးရုံးထိုင်မှူး (သဝခ) ဗိုလ်ကြီး စောချရိုမူး က ပြုလုပ်ခဲ့သည်ဟု KNU က ထုတ်ပြန်သည်။

Journal Download

Photo of three cats