ဖရူဆိုမြို့တွင်း တိုက်ပွဲတွင် KNDF တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဖရူဆိုမြို့တွင်း တိုက်ပွဲတွင် KNDF တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံး



ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့တွင်း တစ်နေရာ၌ ဒီဇင်ဘာလ ၄ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၄)မှ တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

.

ကျဆုံးသူမှာ ရဲဘော် ဂျေရိုမ်း ဖြစ်ပြီး တိုင်းပြည် စစ်အာဏာရှင်လက်ထဲမှ အမြန်ဆုံး လွတ်မြောက်ရန်အတွက် စစ်အာဏာရှင်ကို တော်လှန်ရင်း ဖရူဆိုမြို့တွင်း တိုက်ပွဲ တစ်နေရာ၌ ရရှိခဲ့သော ဒဏ်ရာဖြင့် မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု KNDF တပ်ရင်း(၄) က ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ထုတ်ပြန်သည်။

.




စစ်အာဏာရှင်ကို တော်လှန်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့သော ရဲဘော် ဂျေရိုမ်း ကို အာဇာနည် သူရဲကောင်း တစ်ဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats