.
ကရင်နီ၊ ကယားပြည်နယ်တွင်
ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် စစ်ကြောင်း ကို KNDF ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးကာ
၄ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။
.
.
ဒီးမော့ဆိုမြို့နယ်၊
ဒေါကမီးကျေးရွာဘက်သို့ ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက အင်အားအလုံးအရင်းဖြင့်
စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF B (01)၊ B (05)၊ B (06)၊ B (07) ၊ B (09) နှင့် KA တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထိတွေ့တိုက်ပွဲအတွင်း
ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် အဆမတန် ပစ်ကူပေးခဲ့ သည့်အပြင်
ညနေပိုင်းတွင် တိုက်လေယာဥ်ဖြင့် ၃ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည ၉ နာရီခန့်တွင်လည်း
တိုက်လေယာဉ်ဖြင့် ထပ်မံ၍ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ထိတွေ့တိူက်ပွဲများအတွင်း
စစ်ကောင်စီဘက်မှ ၂၀ ကျော် သေဆုံးပြီး တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦးနှင့် တပ်သား
၁ ဦးတို့အား အရှင်ဖမ်းဆီးရမိကာ MA-1 သေနတ် ၄ လက်၊ MA -3 သေနတ်
၂ လက်၊ MA-4 (79)တွဲ ၁ လက်၊ MG-3 အမျိုးအစား ငါကြင်းမြီး ၁ လက်၊ RPG ၁ လက်၊ (၆၀) မမ စိန်ပြောင်း ၂ ပြောင်း၊ ကွန်ပျူတာ ၁ လုံး၊ ဖုန်းများနှင့် ခဲယမ်းပစ္စည်းများ၊ အသုံးအဆောင်အချို့တို့အား
သိမ်းဆည်းရမိခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
.
စစ်ကောင်စီဖက်မှ
စစ်ကြောင်းထိုးလာသောတပ်ရင်းမှာ တပ်မ(၆၆) လက်အောက်ခံ ဓနုဖြူ အခြေစိုက် ခမရ (၁၀၈) တပ်ရင်းဖြစ်ပြီး
အဆိုပါ တပ်ရင်းမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ်၊
မိုဆိုကျေးရွာအနီးတွင် အပြစ်မဲ့ပြည်သူ ၄၀ ကျော်အား မီးရှို့သတ်ဖြတ်ခဲ့သည့်
စစ်ရာဇဝတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သော တပ်ရင်းဖြစ် ကြောင်း KNDF က အသိပေးထားသည်။
.
လက်ရှိတွင်
ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ အရှေ့ဘက်၊ သေးဆူလဲ၊ ဒေါကမီးကျေးရွာ အနီးဝန်းကျင်တို့တွင်
စစ်ကောင်စီတပ် စစ်ကြောင်းများ ပြန်ထိုးလာနေသဖြင့် စစ်ရေးတင်မာနေပြီး တိုက်ပွဲများလည်း
ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် ယင်းနေရာများသို့ ဖြတ်သန်းသွားလာခြင်း၊ နေအိမ်ပြန်ခြင်းများ
မပြုကြရန် KNDF က မေတ္တာ
ရပ်ခံထားသည်။
.