နန်းမယ်ခုံတွင် စစ်ရေး တင်းမာနေသဖြင့် အသွားအလာ သတိပြုရန် ပြည်သူများကို KNDF သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နန်းမယ်ခုံတွင် စစ်ရေး တင်းမာနေသဖြင့် အသွားအလာ သတိပြုရန် ပြည်သူများကို KNDF သတိပေး

ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံ၌ စစ်ရေး တင်းမာနေသဖြင့် အသွားအလာ သတိပြုရန် ပြည်သူများကို ကရင်နီအမျိုးသား ကာကွယ်ရေူတပ် (KNDF) က သတိပေးသည်။

.



စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပြည် ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေး တင်းမာနေသည့် အခြေနေများကြောင့် ပြည်သူများ အနေဖြင့် စစ်ရေးအသိ၊ သတိရှိကြရန် နှင့် လုံခြုံစိတ်ချရသည့်အခြေအနေ မရှိသော အချိန်ကာလအတွင်း သတိလက်လွတ် အသွားလာ မပြုလုပ်ကြသေးရန် KNDF က အသိပေး မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။ 

.

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်​တွင် ဒီးမော့ဆိုမြို့နယ်၊ သဲတောင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်များ၏ နေရာ အနီးတဝိုက်တွင် ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို၊ ဗျူဟာ (၃)နှင့် DMO အမှတ် (၁၁၀၆) တပ်ရင်းရှိ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၂ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

Journal Download

Photo of three cats