ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့ အခြေစိုက် စစ်ကောင်စီ၏ ဆေးတပ်မှ တပ်သား တစ်ဦးသည် ဒီဇင်ဘာလ ၁၇ ရက်တွင် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့ထံသို့ လာရောက် ခိုလှုံခဲ့ကြောင်း သိရသည်။
.
အဆိုပါ စစ်ကောင်စီ ဆေးတပ်သားမှာ တပ်သား မောင်ငြိမ်းချမ်း(ခ) ဖိုးလပြည့် ဖြစ်ပြီး ခိုလှုံခွင့်တောင်ခံခဲ့သောကြောင့် သေချာ စိစစ်၍ ခိုလှူံခွင့်ပေးခဲ့သည်ဟု KDF က ယနေ့ ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
.
စစ်ကောင်စီဘက်မှ ပြည်သူ့တပ်ဖွဲ့ များထံ ခိုလှူံခြင်းသည် တော်လှန်ရေး အောင်မြင်နိုင်ရေး အတွက် ထိရောက်မူ ရှိသော အကျိုး ဖြစ်ကြောင်း နှင့် မည်သူကို မဆို စိစစ်၍ လက်ကမ်းကြိုနေမည် ဖြစ်ကြောင်း KDF က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။