ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို Earthquake People's Defence Force ဝင် တိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို Earthquake People's Defence Force ဝင် တိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို Earthquake People's Defence Force က ယနေ့ ဒီဇင်ဘာလ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

.

ပခုက္ကူတက္ကသိုလ်နှင့် ချောက်ကန်ရွာ ကြားရှိ ယောင်းမစွန်ဆီဆိုင်ရှေ့၌ ဖွင့်ထားသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Earthquake People's Defence Force က ထုတ်ပြန်သည်။

.



ထို့အတူ MA3 နှင့် အူစီသေနတ် ၂ လက်၊ ကျည် ၅၀၀၊ ကျည်အိမ် ၂ ခု အပြင် စစ်ဆေးရေးဂိတ်ရှိ ကားတစ်စီး၊ လက်ထိပ်၊ ငွေ ၃ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် အခြားပစ္စည်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats