.
ချင်းအမျိုးသားတပ်မတော်
(Chin National Army-CNA)
တပ်မဟာ (၃) နယ်မြေ၊ ဟားခါးနှင့် ထန်တလန်မြို့များတွင် နိုဝင်ဘာ တစ်လအတွင်း
CNA ဦးဆောင်သော ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား
ဖြစ်ပွားခဲ့သော တိုက်ပွဲ များ၌ စစ်ကောင်စီတပ်သား ၅၅ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ
သိမ်းဆည်းရမိခဲ့ကြောင်း CNF က သတင်းထုတ်ပြန် ထားသည်။
.
.
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့်
ထန်တလန်မြို့အကြား နှင့် ဟားခါးမြို့တွင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်ကို CNA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ
စစ်ကောင်စီတပ်သား ၅၅ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည်။
.
တိုက်ပွဲအတွင်း
အထိနာသော စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ် ၂ စီး နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ် ၃ စီးတို့ဖြင့်
လာရောက်ပစ်ခတ်ခဲ့သည့်အပြင် ဟားခါးမြို့၊ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် နေ့စဉ်
ပစ်ခတ်ခဲ့ကြောင်း သိရသည်။
.
အဆိုပါတိုက်ပွဲများတွင်
စစ်ကောင်စီတပ်၏ လက်နက် ၉ လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ပြီး CNA ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း CNF
သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
.
[ Photo
– CNF ]
.