.
မင်းတပ်မြို့ရှိ စစ်ကောင်စီ၏
ခလရ (၂၇၄) မှ တပ်သားတစ်ဦး CDF မင်းတပ်ထံတွင် လက်နက်နှင့်အတူ အလင်းဝင် လာကြောင်း CDF-Mindat က ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
.
.
ခလရ (၂၇၄) တွင် တာဝန်ထမ်းဆောင်နေသည့်
တပ်သား မျိုးသက်ပိုင်သည် ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်တွင် CDM ပြုလုပ်ပြီး MA-1 သေနတ်တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၆၅ တောင့်၊ ကျည်ကာဝတ်စုံတစ်ခုတို့ဖြင့်
CDF Mindat ထံ အပ်နှံကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခြင်းဖြစ်ကြောင်း
သိရသည်။
.
စစ်အာဏာရှင်စနစ်အောက်တွင်
တပ်တွင်းရဲဘော်များ၏ ဖိနှိပ် ခံရမှုများ၊ စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးရလဒ်များ ကြောင့်
စစ်အာဏာရှင်စနစ် အောက်မှ ရုန်းထွက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်ကြောင်း CDF-Mindat က ထုတ်ပြန်ထားသည်။
.
အဆိုပါ လက်နက်နှင့်အတူ
ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် တပ်သားကို CDF Mindat က ငွေကျပ် သိန်း ၅၀ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.