.
ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက်၊
စစ်ကောင်စီ၏ အမှတ် (၂၆၆) တပ်ရင်းမှ ပြည်သူ့ဘက်တော်သား တပ်သား ၃ ဦး နိုဝင်ဘာလ ၁၁ ရက်တွင်
CDM-Senthang ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ
လာရောက်ပူးပေါင်းခဲ့ကြောင်း CDF-Senthang က ယနေ့ ဒီဇင်ဘာလ ၆ ရက်တွင်
ထုတ်ပြန်ထားသည်။
.
.
အမှတ် (၂၆၆) တပ်ရင်းမှ
စစ်ကောင်စီတပ်သား ၃ ဦးသည် MA-1 သေနတ်တစ်လက်၊ ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခြင်း ဖြစ်ပြီး ၎င်းတို့ကို
CDF-Senthang မှ နွေးထွေးစွာကြိုဆိုကာ ထိုက်သင့်သော ဆုကြေးလက်ဆောင်များ
ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
လက်ရှိတွင် အဆိုပါ
ရဲဘော် ၃ ဦးကို လုံခြုံမှုရှိသော နေရာသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းလည်း CDF-Senthang က ဆိုသည်။
.
အဆိုပါ တပ်သား ၃
ဦးအပါအဝင် CDF-Senthang ထံသို့
အလင်းဝင်လာရောက်ပူးပေါင်းသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး ရှိပြီဖြစ်ကြောင်း
သိရသည်။
.