မန္တလေတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး CDF-Daai ထံသို့ အလင်းဝင်လာခဲ့ကြောင်း CDF-Daai က ယနေ့ ဒီဇင်ဘာလ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။
.
.
အလင်းဝင်လာသည့် ရဲတပ်သားမှာ အမရပူရခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား လေဆန်း ဖြစ်ပြီး ၎င်းသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိသဖြင့် ဒီဇင်ဘာလ ၁၉ ရက်က CDF-Daai ထံသို့ အလင်းဝင် လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အလင်းဝင် ရဲတပ်သားအား CDF-Daai မှ နွေးထွေးစွာ ကြိုဆိုခဲ့ပြီး လွတ်မြောက်နယ်မြေ တစ်နေရာသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
.
စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုသဖြင့် အလင်းဝင်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလိုသူ ပြည်သူ့ရဲများအား နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း CDF-Daai က ထုတ်ပြန်ထားသည်။
.