၂၀၂၂ တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၅၆ ပွဲ ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံး ခဲ့ကြောင်း BLPA ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

၂၀၂၂ တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၅၆ ပွဲ ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံး ခဲ့ကြောင်း BLPA ထုတ်ပြန်

.

၂၀၂၂ ခုနှစ်၊ တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၅၆ ပွဲ ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီး ၂၁၅ ဦး သေဆုံးခဲ့ကြောင်း ကျားသစ်နက်တပ်မတော် (BLPA) က ယနေ့ ဒီဇင်ဘာလ ၁၈ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

.

.

တိုက်ပွဲများအတွင်း တပ်စိတ်မှူး တစ်ဦး အပါအဝင် ရဲဘော် ၁၀ ဦး ကျဆုံးခဲ့ရကြောင်း ကျားသစ်နက် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ထို့အပြင် ကျားသစ်နက် တပ်မတော်မှ လက်ပြတ် ဒဏ်ရာရသူ ၄ ဦး၊ ဝမ်းဗိုက်ဒဏ်ရာရရှိသူ ၄ ဦး၊ ဦးခေါင်းဒဏ်ရာ ရရှိသူ ၁ ဦး၊ မျက်စေ့ဒဏ်ရာရရှိသူ ၂ ဦး၊ စုစုပေါင်း ၁၁ ဦး ရှိခဲ့ကြောင်း သိရသည်။

.

ကျားသစ်နက်တပ်မတော် အနေဖြင့် ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ရသော်လည်း စိတ်ဓါတ်မကျဘဲ ဆက်လက် ကြိုးစား တိုက်ပွဲဝင်လျက်ရှိပြီး လက်ရှိတွင် တပ်ရင်း ၃ ရင်းအထိ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

လက်နက်အင်အား ပြည့်စုံမှုမရှိသော်လည်း အာဏာရှင်ပြုတ်မကျမချင်း တိုက်ပွဲဝင်သွားမည်ဟု သစ္စာဆို ထားကာ လာမည့် နှစ်သစ်တွင် တီထွင်ကြံဆမှုအသစ်၊ နည်းပညာအသစ်များဖြင့် သွေးသစ်လောင်းကာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာကျင့်သုံးကာ တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ကျားသစ်နက်တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats