အာဏာသိမ်း စစ်ကောင်စီတပ်၏ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်၊ နံနက် ၁၁ နာရီကျော်ခန့်တွင် လေကြောင်းပျံသန်းမှု ပြုလုပ်ခြင်းကြောင့် ကရင်နီ စစ်ဘေးရှောင်ကလေးငယ်များ စာသင်ခန်းအတွင်းမှ ထွက်ပြေးခဲ့ကြရသည်။
.
"ကရင်နီ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ကျောင်းတက်ချိန်။ လေယာဉ်လာရင် ဘယ်လိုတွေ ပြေးလွှားကြရပြီး ဘယ်လောက် ထိတ်လန့်နေကြရမှာလဲ ကလေးတို့ရေ။ ပျော်ရွှင်တဲ့ Christmas မဟုတ်ဘဲ ကြောက်လန့်နေရတဲ့ နေ့ရက်တွေများလား။ အားလုံးဘေးကင်းကြပါစေ" ဟု ကရင်နီ စစ်ဘေးရှောင်ကူညီရေးကွန်ရက်က ဆိုသည်။