ကောလင်းမြို့နယ်မှ ကျေးရွာ ၅ ရွာ မီးရှို့ဖျက်ဆီးခံရသဖြင့် နေအိမ် အများအပြား ဆုံးရှုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကောလင်းမြို့နယ်မှ ကျေးရွာ ၅ ရွာ မီးရှို့ဖျက်ဆီးခံရသဖြင့် နေအိမ် အများအပြား ဆုံးရှုံး




စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပျဥ်သာတိုက်နယ်မှ ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ပြည်သူပိုင် နေအိမ်အများအပြား ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

.

စစ်ကောင်စီတပ်သည် စစ်ကြောင်း ၂ ကြောင်းဖြင့် ကျောက်ပျဥ်သာတိုက်နယ် အတွင်းသို့ ဒီဇင်ဘာလ ၉ ရက်မှ စတင်ကာ ဝင်ရောက်လာခြင်း ဖြစ်သည်ဟု သိရသည်။

.




ဇီးဖြူကုန်းရွာရှိ နေအိမ် ၄၅ လုံးကို ဒီဇင်ဘာလ ၁၀ ရက်တွင် လည်းကောင်း၊ လျှော်ဖြူကုန်းရှိ နေအိမ် ၂၄ လုံးကို ဒီဇင်ဘာလ ၁၁ ရက်တွင် လည်းကောင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကာ ညောင်ကုန်း၊ ပေပင်ချောင်နှင့် ကုက္ကိုကုန်းရွာများတွင်လည်း ဒီဇင်ဘာလ ၁၁ ရက်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး နေအိမ်အရေအတွက်ကိုမူ မသိရသေးဟု Kawlin Revolution - KR က ထုတ်ပြန်သည်။

.

အဆိုပါ အင်အား ၁၃၀ ကျော် ရှိသည့် စစ်ကောင်စီတပ်နှင့် KLPDF တပ်ရင်း(၁)၊ ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပါဝင်သည့် ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ကောင်လင်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၃ ရွာမှ ဒေသခံပြည်သူ ၂၃၀၀၀ ဦးခန့်သည် စစ်ဘေးရှောင် နေကြရပြီး ၎င်းတို့ကို ပြည်သူ့အုပ်ချုပ်ရေး(ပအဖ)နှင့် ပြည်သူလုံခြုံရေး(ပလဖ)တို့က ပူပေါင်း၍ ကယ်ထုတ်ထားပြီး လက်ရှိတွင် ဆေးဝါးနှင့် ခြုံထည်များလိုအပ်နေကြောင်း သိရသည်။




Journal Download

Photo of three cats