ကျောက်မဲမြို့နယ်၊ ကုန်ညောင်ကျေးရွာ နှင့် ဘီလူးမ ကျေးရွာကြား၊ နောင်ပိန် - ပုံဝိုးသွားလမ်း၌ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် ထော်လာဂျီယာဉ် ဘီးကျွတ်၍ လမ်းဘေး ထိုးကျသဖြင့် ယာဉ်ပေါ်ပါသူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.
ပြောင်းအိတ်များ တင်ဆောင်လာသည် ထော်လာဂျီယာဉ်၏ ဘယ်ဘက် ရှေ့ဘီး ကျွတ်ထွက်ကာ လမ်းဘေးသို့ ထိုးကျခဲ့ရာ ယာဉ်မှာ တိမ်းမှောက်မှု မရှိသော်လည်း ယာဉ်ပေါ် လိုက်ပါလာသူများ လွင့်ကျကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ဒဏ်ရာ ရရှိသူ ၇ ဦးကို ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း က လူနာတင်ယာဉ် ၄ စီးဖြင့် သွားရောက် ကူညီသယ်ဆောင်ပြီး နောင်ပိန်တိုက်နယ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်၊ ညနေပိုင်းကလည်း နောင်ပိန် - ပုံဝိုး သွားလမ်း၊ လုပ်ပါကျေးရွာ အနီး၌ လေးလုံးထိုးယာဉ် တစ်စီး လမ်းဘေး ကမ်းပါးယံအား ဝင်တိုက်၍ ယာဉ်မောင်း ဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။