.
မြင်းခြံမြို့နယ်၊
ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အမည်ခံ ပျူစောထီး ကျော်ဆွေ၏ နေအိမ်အား
နိုဝင်ဘာလ ၃၀ ရက်က နွားထိုးကြီးဒေသကာကွယ်ရေးတပ်ဖွဲ့ (Natogyi Regional Decence Force-NRDF) မှ ရဲ အသွင်ယူ ဝင်ရောက်ပြီး လက်နက်များ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
.
.
NRDF မှ ရဲတပ်ဖွဲ့အသွင်ယူ၍
ကျော်ဆွေထံမှ လက်နက်များ သိမ်းယူရာ အသာတကြည် ထုတ်ပေးခဲ့ပြီး MA-3 မောင်းပြန် ၁ လက်၊ ရိုင်ဖယ် ၃ လက်နှင့်
ကျည်အချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း Natogyi Regional Defence Force-NRDF
က ယနေ့ ဒီဇင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။
.
အဆိုပါ လက်နက်များ
ပျောက်ဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်က အုပ်ချုပ်ရေးမှူး ကျော်ဆွေ ဆိုသူအား မြင်းခြံစစ်ကြောရေးသို့
ခေါ်ဆောင်စစ်ဆေးနေပြီး စစ်ကြောရေး၌ ရိုက်နှက်ခံနေရကာ အနည်းဆုံး ထောင်ဒဏ် နှစ် ၄၀ မှ
နှစ် ၅၀ အထိ ကျခံရနိုင်ကြောင်း NRDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ဗလုံကျေးရွာအတွက်
အုပ်ချုပ်ရေးမှူးအသစ်ကိုလည်း ထပ်မံရွေးချယ်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
.