ကန့်လူမြို့နယ်၊ ဂါးဂလော်ကျေးရွာတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းပါမကျန် မီးရှီု့ ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကန့်လူမြို့နယ်၊ ဂါးဂလော်ကျေးရွာတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းပါမကျန် မီးရှီု့ ဖျက်ဆီး

.

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဂါးဂလော်ရွာတွင် စစ်ကောင်စီတပ်များက ဘုန်းကြီးကျောင်းနှင့် ဆေးပေးခန်းအပြင် ဒေသခံပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

.

.

စစ်ကောင်စီလက်အောက်ခံ ခမရ (၃၆၈) တပ်နှင့် ပျူစောထီးများ အင်အား ၁၂၀ ဦးခန့်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်က ဂါးဂလော် ကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဘုန်းကြီးကျောင်း၊ ကျေးလက်ဆေးပေးခန်းနှင့် ဒေသခံပြည်သူပိုင်နေအိမ် ၂၃ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် စစ်ကောင်စီတပ်များက ဒေသခံ အမျိုးသား ၃ ဦးအား သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၂ ဦးလည်း ဖမ်းဆီးခံရ ပြီးနောက် ပျောက်ဆုံးနေကြောင်း သိရသည်။

.

စစ်ကောင်စီတပ်များက အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီးနောက် အမျိုးသား ၁ ဦးအား ရက်စက်စွာ ညှင်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့ရပြီး ကျန် အမျိုးသား ၂ ဦးကိုမူ မီးရှို့သတ်ဖြတ်ထားသည်ဟု ခန့်မှန်းရသည့် မီးလောင်ပြာကျ အရိုးစု ၂ ခုသာ ပြန်လည်တွေ့ရှိခဲ့ရ ခြင်းဖြစ်ကာ အမျိုးသမီး ၂ ဦးမှာမူ လက်ရှိအချိန်ထိ ပြန်လည်မတွေ့ရှိရသေးကြောင်း သိရသည်။

.

အဆိုပါ စစ်ကောင်စီတပ်များနှင့် ပျူစောထီးစစ်ကြောင်းသည်  ကန့်ဘလူခရိုင်အတွင်း လွှဲဆိပ်၊ လက်ခုပ်ကုန်းနှင့် ဘောရွာတို့တွင်လည်း ဝင်ရောက်ဖျက်ဆီး မီးရှို့မှုများ ကျူးလွန်ထားသည့်စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats