.
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တွင်
ဒီဇင်ဘာလ ၁၁ ရက်က ပျောက်ဆုံးသွားသည့် အသက် ၅ နှစ်အရွယ် ကလေးငယ်ကို ပျောက်ဆုံးပြီး
၅ ရက်အကြာ ယနေ့ ဒီဇင်ဘာ လ ၁၆ ရက်၊ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.အသက် ၅ နှစ်အရွယ် ကလေးငယ်
မောင်ဇွဲဝေယံထွန်းသည် ဒီဇင်ဘာလ ၁၁ ရက် ညနေ ၃ နာရီအချိန်ခန့်က နေအိမ်ရှေ့တွင်ဆော့
ကစားနေစဉ် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဘေးချင်းကပ်လျက်တိုက်ခန်းတွင် ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ကလေးငယ်အား ဘေးခြင်းကပ်လျက်တိုက်ခန်းတွင်နေထိုင်သည့်
အသက် ၅၀ အရွယ် အမျိုးသမီးမှ ခေါ်ဆောင် ထားခြင်းဖြစ်ပြီး ကလေးပျောက်ဆုံးသည့် ဖြစ်စဉ်နှင့်ပတ်သက်၍
လူမှုရေးအရ လာရောက်သတင်းမေးမြန်းခြင်း မရှိသည့်အတွက် အဆိုပါတိုက်ခန်းအား ဝင်ရောက်ရှာဖွေရာမှ
ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ကလေးပျောက်ဆုံးမှု
ဖြစ်စဉ်နှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၃) နယ်မြေရဲစခန်းတွင် အမှုဖွင့်ရန်
ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.