ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအုပ်စု၌ စစ်ကောင်စီတပ်သား တစ်ဦးကို လက်နက်/ခဲယမ်းများ နှင့်အတူ ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂) တိုက်ဂါးစစ်ကြောင်းက ဒီဇင်ဘာလ ၉ ရက်တွင် အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ကင်းပုန်း ဝပ် နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးကို MA2 ၁ လက်၊ ကျည်အိမ် ၄ ခု၊ 5.56 ကျည် ၂၀၀ တောင့်နှင့်အတူ ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု Bago Region PDF က ယနေ့တွင် ထုတ်ပြန်သည်။
.
အဆိုပါ ဖမ်းမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်ကို လုံခြုံစိတ်ချသော နေရာသို့ ခေါ်ဆောင်ထားပြီး NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားသော စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။