တန့်ယန်းတွင် ယာဉ်တိမ်းမှောက်၍ ၁ ဦး သေဆုံးကာ ကလေး အပါအဝင် ၅ ဦး ဒဏ်ရာရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တန့်ယန်းတွင် ယာဉ်တိမ်းမှောက်၍ ၁ ဦး သေဆုံးကာ ကလေး အပါအဝင် ၅ ဦး ဒဏ်ရာရ


တန့်ယန်းမြို့အဝင် မုခ်ဦးအကျော်၌ ဒီဇင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲခန့်တွင် အိမ်စီး မော်တော်ယာဉ် တစ်စီး တိမ်းမှောက်၍ အမျိုးသား တစ်ဦး သေဆုံးကာ ၁၀ နှစ်အရွယ် ကလေးငယ် အပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

မော်တော်ယာဉ်သည် တန့်ယန်း - ပန်ဆန်း ပြည်ထောင်စု ကားလမ်းမပေါ်၌ မောင်းနှင်နေစဉ် မုခ်ဦး အကျော်တွင် အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

.



သေဆုံးသူ အမျိုးသားမှာ တန့်ယန်းဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူများမှာ ဆေးရုံတွင် ဆေးကုသမှု ခံ‌ယူနေလျက်ရှိကြောင်း သိရသည်။

Journal Download

Photo of three cats